Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 13:1

Judson Bible

အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-

ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-

စီ​ရင်​ကြ​သည်​နှင့်​အ​ညီ ဗာ​န​ဗ​နှင့် ရှော​လု​တို့​တွင် သင်း​အုပ်​တို့​ထံ​သို့ ပေး​လိုက်​ကြ၏။

ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။

ထို​အ​ခါ​ပေါ​လု​ဟု အ​မည်​တွင်​သော ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ထို​နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို စေ့​စေ့​ကြည့်​ရှု​လျက်၊-

ယု​ဒ​နှင့် သိ​လ​တို့​သည် ပ​ရော​ဖက်​ဖြစ်​သော​ကြောင့် များ​စွာ​သော​စ​ကား​နှင့် ညီ​အစ်​ကို​တို့​ကို ဆုံး​မ၍ မြဲ​မြံ​ခိုင်​ခံ့​စေ​ကြ၏။-

ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည်​လည်း အ​န္တိ​အုတ်​မြို့၌ နေ​လျက်၊ အ​ခြား​သော​သူ​များ​တို့​နှင့်​တ​ကွ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။-

ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။-

ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊-

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊-

ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။-

ပ​ရော​ဖက်​ဉာဏ်​ကို ငါ​ရ၍၊ နက်​နဲ​သော အ​ရာ​ရှိ​သ​မျှ​တို့​နှင့် သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​သော်​လည်း​ကောင်း၊ တောင်​များ​ကို​ရွှေ့​နိုင်​သော ယုံ​ကြည်​ခြင်း​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​သော်​လည်း​ကောင်း၊ မေ​တ္တာ​မ​ရှိ​လျှင် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။-

မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။

ပ​ရော​ဖက်​နှစ်​ယောက် ဖြစ်​စေ၊ သုံး​ယောက် ဖြစ်​စေ၊ ဟော​ပြော၍ အ​ခြား​သော​သူ​တို့​သည် စစ်​ကြော ဆင်​ခြင်​ကြ​စေ။-

ပ​ရော​ဖက်​တို့​သည်​လည်း၊ မိ​မိ​တို့​စိတ်​ဝိ​ညာဉ်​ကို ချုပ်​တည်း​နိုင်​ကြ၏။-

ငါ​နှင့် ဗာ​န​ဗ​သာ အ​လုပ်​မ​လုပ်​ဘဲ နေ​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​ရ​သ​လော။-

ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။-

အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-

ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-

ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။-

ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ