ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။-
ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။-
အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။-
ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။-
ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။-
အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်သည် ယနေ့ညတွင် ငါ့အနားမှာ ပေါ်လာလျက်၊-
တစ်ဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည် ထ၍သွားလေ၏။-