Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 12:4

Judson Bible

ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ ယု​ဒ​လူ​အ​ကြီး​အ​ငယ် မိန်း​မ က​လေး​ရှိ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​စာ​ကို စာ​ပို့​လု​လင်​တို့​ဖြင့် နိုင်​ငံ​တော်​အ​ပြည်​ပြည်​သို့ ပေး​လိုက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၌ မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​ကား၊

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။

ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။-

သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။

ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။-

ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊-

စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊-

ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။

ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။-

တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။-

တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ၌ လှောင်​ထား​ကြ၏။-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ