Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 12:19

Judson Bible

ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ရှာ၍ မ​တွေ့​သည်​ရှိ​သော်၊ စောင့်​ရှောက်​သော​သူ​တို့​ကို စစ်​ကြော​ပြီး​မှ သတ်​မည်​အ​ကြောင်း​ကို စီ​ရင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက် ရှ​မာ​ရိ​မြို့၊ နန်း​တော်​သို့​သွား၏။

သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊

တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။-

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-

မိုး​လင်း​သော​အ​ခါ စစ်​သူ​ရဲ​တို့​သည် ပေ​တ​ရု၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​ကြ၏။-

ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-

ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။-

ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။-

နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။-

ထို​နောက်​များ​မ​ကြာ၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​သည် မိ​မိ​ခင်​ပွန်း​ဗေ​ရ​နိတ်​နှင့်​တ​ကွ ဖေ​တ္တု​မင်း​ကို​နှုတ်​ဆက်​ခြင်း​ငှာ ကဲ​သ​ရိ​မြို့​သို့ ရောက်​လာ၏။-

ထို​အ​ခါ အ​ကျဉ်း​ခံ​သော​သူ​တို့​သည် ကုန်း​သို့​ကူး၍ ပြေး​မည်​ကို စိုး​ရိမ်​သော​ကြောင့် စစ်​သူ​ရဲ​တို့​သည် သတ်​မည်​ဟု​အ​ကြံ​ရှိ​ကြ၏။-

ဖိ​လိ​ပ္ပု​သည်​လည်း အာ​ဇုတ်​မြို့၌ ပေါ်​လာ၍၊ ထို​မြို့​မှ ကဲ​သ​ရိ​မြို့​တိုင်​အောင် မြို့​ရွာ​အ​စဉ်​အ​တိုင်း​လျှောက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။

ဒါ​ဝိဒ်​သည် ဇိ​ဖ​တောင်​အ​စ​ရှိ​သော တော​ကြို​တောင်​ကြား​တို့၌ နေ၍၊ ရှော​လု​သည် နေ့​တိုင်း​ရှာ​သော်​လည်း သူ၏​လက်၌ ဒါ​ဝိဒ်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ