Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 11:23

Judson Bible

ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၌​ဆည်း​ကပ်၍ နောက်​တော်​သို့ အ​စဉ်​အ​မြဲ​လိုက်​သ​ဖြင့် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လေ၏။

အ​ကျွန်ုပ်​နှ​လုံး​ကို​စစ်​ဆေး​တော်​မူ​ပါ။ ည​အ​ခါ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​ကြော​သော​အ​ခါ အ​ဘယ်​အ​ပြစ်​ကို​မျှ တွေ့​တော်​မ​မူ​ရာ။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​သည် အ​ကျွန်ုပ်​စ​ကား​နှင့် မ​ခြား​မ​နား​ပါ။

ငါ့​သား၊ သင့်​နှ​လုံး၌ ပ​ညာ​ရှိ​လျှင် ငါ့​နှ​လုံး​နှင့် ငါ့​ကိုယ်​တိုင်​သည် ဝမ်း​မြောက်​လိမ့်​မည်။

သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။

ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။

ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-

ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။-

အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။-

ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။-

ထို​မြို့​မှ သင်္ဘော​စီး၍​လွှင့်​သ​ဖြင့်၊ မိ​မိ​တို့ ဆောင်​ရွက်​ခဲ့​ပြီး​သော အ​မှု​အ​လို​ငှာ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့​အပ်​နှံ၍ စေ​လွှတ်​သော အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​ကြ၏။-

ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့ အပ်​နှံ​ကြ​သ​ဖြင့်၊ သူ​သည်​သိ​လ​ကို ရွေး​ချယ်​ပြီး​လျှင် ထွက်၍၊-

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။-

ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊-

နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ထို​သို့​အ​ကြံ​ရှိ​သော​အ​ခါ လျှပ်​ပေါ်​သော စိတ်​ရှိ​သ​လော။ သို့​မ​ဟုတ် ငါ့​စ​ကား​မှာ ဟုတ်​မှန်၏၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန်၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကြံ​စည်​သော​အ​ရာ​ကို ဇာ​တိ​ပ​က​တိ​အ​တိုင်း ကြံ​စည်​သ​လော။-

သင်​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ခံ​ကြ​နှင့်​ဟု ငါ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်​တို့​ကို နှိုး​ဆော်​သွေး​ဆောင်​ကြ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။

သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။

ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။-

ငါ​ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း၊ ကြံ​စည်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း​တို့​ကို​လည်း​ကောင်း၊ အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့၊ လု​တ္တ​ရ​မြို့​တို့၌ ငါ​ခံ​ရ​သ​ကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​သည် ရှာ​ဖွေ​နား​လည်​ရ​ပြီ။ ထို​သို့​သော အ​မှု​တို့​ကို ငါ​တွေ့​ရ​သော်​လည်း၊ တွေ့​သ​မျှ​တို့​မှ သ​ခင်​ဘု​ရား​သည် ငါ့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။-

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊

ယ​နေ့​တိုင်​အောင်​ကျင့်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၌ ဆည်း​ကပ်​မှီ​ဝဲ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လွန်​ရဲ​ရင့်​သော​စိတ်​ရှိ​ကြ​လော့။

ငါ​သည် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​လျက်၊ သင်​တို့​မှီ​ဝဲ​ဆည်း​ကပ်​သော ဤ​အ​ရာ​များ​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အ​မှန် ဖြစ်​သည်​ဟု သက်​သေ​ခံ​လျက်၊ ဤ​စာ​ကို အ​ကျဉ်း​အား​ဖြင့်​ရေး​ပြီး​မှ၊ ငါ​စိတ်​ထင်​သည်​အ​တိုင်း သင်​တို့​အ​မှု၌ သ​စ္စာ​ရှိ​သော​ညီ​အစ်​ကို သိ​လွာ​နု​လက်​ဖြင့် ယ​ခု​ပေး​လိုက်၏။-

ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။

ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ