ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။-
ထိုအခါ ပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊-
ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။-
စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။-
ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။