တမန်တော်ဝတ္ထု 10:4Judson Bibleကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသောဆုတောင်းပတ္ထနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဖို့ တက်ကြပြီ။- အခန်းကိုကြည့်ပါ။ |
ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။