Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:2

Judson Bible

ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

51 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။

ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​သ​ကဲ့​သို့၊ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက် နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။

ဆင်း​ရဲ​သော​သူ​ကို အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ခဲ​ယဉ်း​သော​ကာ​လ၌ ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား ကယ်​နုတ်​တော်​မူ​မည်။

ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​စဉ်​အော်​ဟစ်​ပါ​သည်​ဖြစ်၍၊ ကယ်​မ​သ​နား​တော်​မူ​ပါ။

အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။

ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​နောက်​မျက်​နှာ​သား​တို့​နှင့်၊ နေ​ထွက်​ရာ​အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဘုန်း​တော်​ကို ရို​သေ​ကြ​လိမ့်​မည်။ ရန်​သူ​သည် ရေ​လွှမ်း​မိုး​သ​ကဲ့​သို့​ဝင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ဆီး​တား​တော်​မူ​မည်။

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။

တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။

ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။

ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။-

လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊-

ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-

ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-

ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-

လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။-

ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-

ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-

ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။-

ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။-

ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-

က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န္သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။

ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။-

ထို​အ​ခါ ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​ဝတ်၌​မွေ့​လျော်​သော​သူ​ဖြစ်၍၊ ထို​မြို့​မှာ​နေ​သော​ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ အာ​န​နိ​သည်၊-

တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-

သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။-

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊-

ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။-

မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ