Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 10:14

Judson Bible

ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

လော​တ​က​လည်း၊ အ​ကျွန်ုပ်​သ​ခင် ထို​သို့​မ​ဆို​ပါ​နှင့်။

ထို​သို့​မ​ဖြစ်​ရာ။ အ​ရင်​တောင်း​လျှောက်​သည်​အ​တိုင်း၊ ယောက်ျား​ဖြစ်​သော​သူ​တို့​သာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကြ​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​အ​ထံ​တော်​မှ နှင်​ကြ​လေ​၏။

ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊

ငှက်​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​မ​စား​ရ။

ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။

ထို​အ​ကြောင်း​ကြောင့်၊ စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်၊ မ​စင်​ကြယ်​သော​ငှက်​တို့​ကို ပိုင်း​ခြား​ရ​မည်။ ငါ​ခွဲ​ထား​သည်​အ​တိုင်း၊ မ​စင်​ကြယ်​သော​သား၊ ငှက်၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ရွံ​ရှာ​ဖွယ်​မ​ဖြစ်​စေ​ရ။

ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။-

ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။-

ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

တ​ပည့်​တော်​အ​ချို့​တို့​သည် ညစ်​ညူး​သော​လက်​တည်း​ဟူ​သော ရေ​မ​ဆေး​သော​လက်​နှင့် အ​စာ​စား​သည်​ကို​မြင်​လျှင် အ​ပြစ်​တင်​ကြ၏။-

ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု​ဆို​လျှင်၊ သူ​တို့​က၊-

မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။-

စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။-

ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။-

သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​ပြန်၍ မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဥ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ် သ​တည်း​ဟု မိန့်​တော်​မူ၏။-

သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ