တမန်တော်ဝတ္ထု 1:8Judson Bibleထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ၊ ငါ့အမှုကိုဆောင်ရွက်သောအမှုသည် သာမညအမှု ဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တစ်ပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တစ်ပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသား၊ အနတ္တ၊ အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
သခင်ယေရှုသည် ငါတို့နှင့်ခွာ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည်နေ့ရက်တိုင်အောင်၊ တပည့်တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသော ကာလပတ်လုံး ငါတို့နှင့်ပေါင်းဖော်၍နေသောသူ တစ်စုံတစ်ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကို ဟောပြော၍ ငါတို့နှင့်အတူ သက်သေခံဖြစ်ရမည်ဟု ပေတရုပြောဆို၏။-