Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 1:22

Judson Bible

သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။-

ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။-

လူ​အ​ပေါင်း​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သော​အ​ခါ၊ ယေ​ရှု​သည်​လည်း ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ၍ ဆု​တောင်း​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊-

သင်​တို့​သည်​လည်း ရှေ့​ဦး​စွာ​မှ​စ၍ ငါ​နှင့်​အ​တူ​ရှိ​နေ​သော​ကြောင့် သက်​သေ​ခံ​ရ​ကြ​လိမ့်​မည်။

အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။

အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူသောနေ့မရောက်မီကာလတွင်၊ ပြုမူသွန်သင်တော်မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-

ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။-

အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ