Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 1:19

Judson Bible

ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် လူ​ချင်း​တိုက်၍ လူ​တိုင်း မိ​မိ​တိုက်​ဖက်၏ ခေါင်း​ကို​ကိုင်​လျက်၊ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် တစ်​စု​တည်း လဲ​သေ​ကြ၏။ သို့​ဖြစ်၍ ဂိ​ဗောင်​မြို့​နယ်၌​ရှိ​သော ထို​အ​ရပ်​ကို ဟေ​လ​က​သ​ဇ္ဇု​ရိမ်​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​ငွေ​ကို အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ​လော့။ ငါ့​ကို အ​ဖိုး​ဖြတ်၍ ငွေ​များ​လှ​သည်​တ​ကား​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ငွေ​သုံး​ဆယ်​ကို ငါ​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ၏။

ထို​အ​ကြောင်း​ကို အ​စွဲ​ပြု၍ ယ​ခု​တိုင်​အောင် ထို​မြေ​အ​ကွက်​ကို သွေး​မြေ​ဟု ခေါ်​တွင်​ကြ၏။-

သွန်​သင်​သည်​နှင့်​အ​ညီ စစ်​သူ​ရဲ​တို့​သည် ငွေ​ကို​ယူ၍​ပြု​ကြ၏။ ထို​စ​ကား​ကို ယ​ခု​တိုင်​အောင် ယု​ဒ​လူ​တို့​သည် အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။

ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊-

စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ