Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 1:13

Judson Bible

ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

45 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။-

ထို​သူ​သည် အ​သင့်​ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ငါ​တို့​ဖို့ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-

လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်၏​ညီ​ယော​ဟန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​လိုက်​စေ​ဘဲ၊-

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊-

ထို​သူ​သည် ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ဒိ​ဒု​မု​အ​မည်​ရှိ​သော သော​မ​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်၍ သ​ခင်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကုန်​အံ့​ဟု တ​ပည့်​တော်​ချင်း​တို့​အား ပြော​ဆို၏။

ယု​ဒ​ရှ​ကာ​ရုတ်​မ​ဟုတ်၊ အ​ခြား​သော​ယု​ဒ​က၊ သ​ခင်၊ ကိုယ်​တော်​သည် လော​ကီ​သား​တို့​အား မ​ထင်​ရှား​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့ ထင်​ရှား​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်၏။-

တံ​ခါး​စောင့်​မိန်း​မ​က ပေ​တ​ရု​အား၊ သင်​သည် ထို​သူ၏​တ​ပည့်​တို့​အ​ဝင်​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။-

ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-

ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-

ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။-

ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

စည်း​ဝေး​ရာ​အ​ထက်​ခန်း၌ မီး​ခွက်​များ​ရှိ၏။-

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊-

ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။-

ထို​နောက် ယာ​ကုပ်​မြင်​ရ၏။ ထို​နောက် တ​မန်​တော်​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ၏။-

သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။-

အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-

ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ယာ​ကုပ်​သည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော တစ်​ဆယ်​နှစ်​ပါး​သော အ​မျိုး​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။

အ​သက်​ကြီး​သူ​သည် မြတ်​သော သ​ခင်​မ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ကြား​လိုက်​ပါ၏။ ငါ​တို့၌​တည်၍ ငါ​တို့​တွင် အ​စဉ်​မ​ပြတ်​ရှိ​လ​တ္တံ့​သော သ​မ္မာ​တ​ရား​ကြောင့်၊ ငါ​မှ​စ၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​အ​ပေါင်း​တို့​သည်၊ သ​ခင်​မ​နှင့် သား​သ​မီး​တို့၌ မှန်​ကန်​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ပါ၏။-

ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော ယာ​ကုပ်​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင် သန့်​ရှင်း​စေ​တော်​မူ၍၊ ယေ​ရှု​ခ​ရစ် ခေါ်​ထား​စောင့်​မ​တော်​မူ​သော သူ​တို့​ကို ကြား​လိုက်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ