Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 9:3

Judson Bible

တု​ရု​မြို့​သည် မိ​မိ​အ​ဖို့ ရဲ​တိုက်​ကို​တည်​ဆောက်၍၊ ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​ကို လမ်း၌​ရှိ​သော ရွှံ့​ကဲ့​သို့​လည်း​ကောင်း စု​ပုံ​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တု​ရု​ရဲ​တိုက်​သို့​လည်း​ကောင်း၊ ဟိ​ဝိ​မြို့​များ၊ ခါ​နာ​နိ​မြို့​များ အ​လုံး​စုံ​တို့​သို့​လည်း​ကောင်း ရောက်၍၊ ယု​ဒ​ပြည်​တောင်​ပိုင်း၊ ဗေ​ရ​ရှေ​ဘ​မြို့၌ လက်​စ​သတ်​ကြ၏။

ရှော​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌ သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ် ရွှေ​ဖ​လား​သက်​သက်​ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ မ​ပြု​တတ်​ကြ။

ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။

ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။

သူ​သည်​ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​ပုံ၍၊ အ​ဝတ်​တန်​ဆာ​ကို ရွှံ့​ကဲ့​သို့ ပြင်​ဆင်​သော်​လည်း၊

မှူး​မတ်​တို့​နှင့်​လည်း​ကောင်း၊ ရွှေ​ကို​ရ​တတ်၍ ဘ​ဏ္ဍာ​တိုက်၌ ငွေ​ကို​အ​ပြည့်​သို​ထား​သော မင်း​တို့​နှင့်​လည်း​ကောင်း ငါ​ငြိမ်း​ရ​ပြီ။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

တု​ရု​မြို့​သည် ရာ​ဇ​သ​ရ​ဖူ​ကို ပေး​တတ်​သော​မြို့ ဖြစ်​လျက်၊ သူ၏​ကုန်​သည်​တို့​သည် မင်း​သား၊ ဖောက်​ကား​ရောင်း​ဝယ်​သော သူ​တို့​သည် မြေ​ကြီး​မှူး​မတ်​ဖြစ်​လျက်၊ ထို​မြို့​တစ်​ဖက်၌ အ​ဘယ်​သူ​သည် ဤ​အ​ကြံ​ကို ကြံ​စည်​သ​နည်း။

သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။

သင်​သည် လဲ​ပျက်​သော​အ​ခါ သင်၏​ဥ​စ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော​သား၊ လမ်း​ပြ​မာ​လိန်၊ ပြု​ပြင်​သူ၊ ကုန်​သည်၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း ပါ​သ​မျှ​တို့​သည် ပင်​လယ်​အ​လယ်၌​ကျ​ရ​ကြ​လိမ့်​မည်။

သင်၏​ဥ​စ္စာ​တို့​သည် ပင်​လယ်​လမ်း​ဖြင့်​ထွက်​သွား​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို ရောင့်​ရဲ​စေ၍၊ များ​ပြား​သော​ဥ​စ္စာ၊ ကုန်​စ​လယ်​တို့​ဖြင့် လော​ကီ​ရှင်​ဘု​ရင်​တို့​ကို ကြွယ်​ဝ​စေ​တတ်၏။

ယ​ခု​မူ​ကား၊ သင်​သည် ပင်​လယ်၌​လည်း​ကောင်း၊ သင့်​ကုန်​သွယ်​ရန် ဥ​စ္စာ​တို့​သည် လှိုင်း​တံ​ပိုး​အ​လယ်၌​လည်း​ကောင်း၊ ကျိုး​ပဲ့၍၊ သင်​နှင့်​ပါ​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

ရာ​မ​မြို့၊ ခိုင်​ခံ့​သော​တု​ရု​မြို့၊ ဟော​သ​မြို့​သို့​လှည့်​လျက်၊ ပင်​လယ်​ကမ်း​ပါး​မှ​စ၍ အာ​ခ​ဇိပ်​မြို့​တိုင်​အောင် ပင်​လယ်၌​ဆုံး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ