Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဇာ​ခ​ရိ 5:3

Judson Bible

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​စာ​စောင်​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​သော​ကျိန်​ခြင်း​ဖြစ်၏။ ခိုး​တတ်​သော​သူ ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကျိန်​ရဲ​သော သူ​ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

42 ပူးပေါင်းရင်းမြစ်များ  

သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။

သူ​ခိုး​ကို လက်​ခံ​သော​သူ​သည် မိ​မိ​အ​သက်​ကို မုန်း​တတ်၏။ ကျိန်​ဆို​ခြင်း​ကို ပြု​သော်​လည်း၊ အ​မှု​ကို မ​ဖော်​မ​ပြ​တတ်။

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

ထို​ကြောင့်၊ ကျိန်​တော်​မူ​သော အ​ကျိန်​သည် ပြည်​တော်​ကို​လွှမ်း​မိုး​ပြီ။ ပြည်​သား​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​လေ​ပြီ။ ထို​ကြောင့် ပြည်​သား​တို့​သည် ပူ​လောင်​ကြ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် နည်း​ကြ၏။

ထို​ကြောင့်၊ သန့်​ရှင်း​ရာ​ဌာ​န၏​မင်း​တို့​ကို ငါ​ရှုတ်​ချ​ပြီ။ ယာ​ကုပ်​အ​မျိုး​သည် ကျိန်​ဆဲ​ခြင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​စေ​ခြင်း​ငှာ​ငါ​စွန့်​ပြီ။

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​ဟူ၍ သ​မုတ်​ခြင်း​ကို​ခံ​သော​သူ၊ ယု​ဒ​စမ်း​ရေ​တွင်း​မှ ထွက်​စီး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​သော​သူ၊ သ​စ္စာ​မ​ရှိ၊ တ​ရား​နှင့်​မ​ညီ​ဘဲ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သော​သူ၊

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။

ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။

သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊

ငါ​ကြည့်၍ စာ​လိပ်​ပါ​သော​လက်​သည် ငါ့​ဆီ​သို့ ဆန့်​လျက်​ရှိ၏။

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ လွှဲ​သွား၍ ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ကျိန်​ဆို​တော်​မူ​ခြင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌ မှတ်​သား​သော​အ​ကျိန်​ကို အ​ကျွန်ုပ်​တို့ အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ၏။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။

ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည်​လာ၍ သင်​တို့၏​ပြည်​ကို ကျိန်​ခြင်း​ဘေး​နှင့် ဒဏ်​မ​ခတ်​မည်​အ​ကြောင်း၊ ထို​ပ​ရော​ဖက်​သည် သား​တို့​နှင့် အ​ဘ​တို့​ကို​လည်း​ကောင်း၊ အ​ဘ​တို့​နှင့် သား​တို့​ကို​လည်း​ကောင်း အ​သင့်​အ​တင့် ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။ ဓ​မ္မ​ဟောင်း​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း ပြီး၏။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။-

ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။-

ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။

နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။-

သူ​တို့​အား ကျိန်​ဆို​မိ​သော​ကြောင့် အ​ပြစ်​ဒဏ်​ရောက်​မည်​ကို စိုး​ရိမ်၍၊ အ​သက်​ချမ်း​သာ​ပေး​သ​ဖြင့် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ