Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 70:4

Judson Bible

ကိုယ်​တော်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်၏​ဟုတ်​မှန်​ခြင်း​ဘက်၌ နေ​သော​သူ​တို့​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ မိ​မိ​ကျွန်၌ ချမ်း​သာ​တိုး​ပွား​ခြင်း​အ​ကြောင်း​ကို နှစ်​သက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု၊ သူ​တို့​သည် အ​စဉ်​မ​ပြတ် မြွက်​ဆို​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ကို​ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ကို ကိုး​စား​သော​သူ​တို့​မူ​ကား၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ စောင့်​ရှောက်​တော်​မူ​ခြင်း​ကို​ခံ​ရ၍ ဝမ်း​မြောက်​သည်​နှင့် ကြွေး​ကြော်​ကြ​ပါ​စေ​သော။ နာ​မ​တော်​ကို​ချစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း ရှိ​ကြ​ပါ​စေ​သော။

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ