Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 4:3

Judson Bible

ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။-

သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။-

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-

သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။-

သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။-

အ​ဘ​စီ​ရင်​နှင့်​သော အ​ချိန်​ကာ​လ မ​ရောက်​မီ​တိုင်​အောင် အ​စောင့်​အ​ထိန်း အ​အုပ်​အ​ချုပ်​တို့ လက်၌ ရှိ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို ပုံ​ပ​မာ​အား​ဖြင့်​ဆို​သော်၊ ထို​မိန်း​မ​နှစ်​ယောက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​နှစ်​ပါး​ကို ဆို​လို​သ​တည်း။ ဟာ​ဂ​ရ​အ​မည်​ရှိ​သော မိန်း​မ​တည်း​ဟူ​သော ပ​ဋိ​ညာဉ်​တ​ရား​တစ်​ပါး​သည် သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်၍၊ ကျွန်​များ​ကို ဖွား​တတ်​သော​တ​ရား​ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။-

ယ​ခု​တွင် ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ၏ သား​မ​ဟုတ်၊ ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား ဖြစ်​ကြ၏။

သို့​သော်​လည်း အ​ထက်​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​အ​ခါ၊ ဇာ​တိ​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ကြ၏။-

ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-

သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊-

ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

သင်​တို့​သည် ကာ​လ​ကြာ​သော​ကြောင့် ဆ​ရာ​အ​ဖြစ်​သို့ ရောက်​သင့်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်၌ ရှေ့​ဦး​စွာ သင်​ရ​သော​တ​ရား​နု​တို့​ကို သူ​တစ်​ပါး​ထံ၌ တစ်​ဖန် သင်​ရ​သော အ​ကြောင်း​ရှိ​သည်​ဖြစ်၍၊ ကြေ​ခဲ​သော​အ​စာ​ကို မ​သုံး​ဆောင်၊ နို့​ကို​သာ သုံး​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။-

ထို​ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ခ​န္ဓာ​နှင့် စပ်​ဆိုင်​သော တ​ရား​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သည် မ​ဟုတ်။ ထာ​ဝ​ရ​အ​သက်၏ တန်​ခိုး​အာ​နု​ဘော်​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ