Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 4:1

Judson Bible

သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ငါ​ပေး​မည်​ဟု​ဆို​လျှင် ထို​သူ​တို့​သည် သွား​ကြ၏။-

ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။

နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။-

သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။-

ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ