Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 3:4

Judson Bible

ငါ​တို့​အ​သက်​တည်း​ဟူ​သော ခ​ရစ်​တော်​သည် ထင်​ရှား​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည်​လည်း ထို​သ​ခင်​နှင့်​အ​တူ ဘုန်း​ကြီး၍ ထင်​ရှား​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။

ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။

လူ​သား​ပေါ်​ထွန်း​သော​နေ့၌ ဖြစ်​လိမ့်​မည်။

ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။-

ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။-

ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။-

ထို​ကြောင့်​သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို မျှော်​လ​င့်၍​နေ​စဉ်၊ ဆု​တော် တစ်​စုံ​တစ်​ခု​မျှ မ​လျော့​ဘဲ စုံ​လင်​လျက်​ရှိ​ကြ၏။-

စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။-

အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။

ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-

အ​လုံး​စုံ​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ​လည်း​ကောင်း၊ ပု​န္တိ​ပိ​လတ်​မင်း​ထံ ကောင်း​သော​ဝန်​ခံ​ခြင်း​ဘက်၌ သက်​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ပ​ညတ်​ထား၏။-

ယေ​ရှု​ခ​ရစ်၌​တည်​သော အ​သက်​ကို​ပေး​မည်​ဟု က​တိ​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ငါ့​ချစ်​သား​တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။-

ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။

ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။-

သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။

ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။-

သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။

ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-

အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ