ကောလောသဲ 2:8Judson Bibleခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်းတစ်နိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။-