Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 2:21

Judson Bible

မ​တို့​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော ပ​ညတ်​စ​ကား​ကို လော​ကီ​အ​သက်​ရှင်​သေး​သ​ကဲ့​သို့၊ အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။

ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-

သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊-

လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။-

မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ