Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 1:25

Judson Bible

ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော်​လည်း၊ ယ​ခု​တွင် သန့်​ရှင်း​သူ​တို့​အား ဖော်​ပြ​သော နက်​နဲ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ကျိုး​ကို ထောက်၍၊ ငါ့​အား အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​နှင့်​အ​ညီ၊ ငါ​သည် အ​သင်း​တော်၌ ဓ​မ္မ​ဆ​ရာ၏ အ​ဖြစ်​သို့​ရောက်​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။-

သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။-

သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။-

တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။-

ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-

ဤ​စ​ကား​များ​ကို သင်​သည် ညီ​အစ်​ကို​တို့​အား ကြား​ပြော​လျှင်၊ ယုံ​ကြည်​ချက်​စ​ကား၊ ကိုယ်​တိုင် ရှာ​ဖွေ​လေ့​ကျက်​သော သ​မ္မာ​ဩ​ဝါ​ဒ​စ​ကား​နှင့် မွေး​မြူ​ခြင်း​ကို ခံ​သော ယေ​ရှု​ခ​ရစ်၏ ဓ​မ္မ​ဆ​ရာ​ကောင်း​ဖြစ်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ