Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 9:3

Judson Bible

အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍ မ​စား​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။-

အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။-

ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​သည် သူ​တစ်​ပါး​ကို တည်​ဆောက်​တတ်​သည်​မ​ဟုတ်။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ