Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 8:1

Judson Bible

ဘု​ရား​သ​ခင်​သည်၊ နော​ဧ​မှ​စ၍ အ​သက်​ရှင်​သ​မျှ​သော​သ​တ္တ​ဝါ၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​အောက်​မေ့၍၊ မြေ​ကြီး​ပေါ်​မှာ လေ​လာ​စေ​တော်​မူ​သ​ဖြင့် ရေ​ငြိမ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊

သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။

အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။

လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း ရှုတ်​ချ​သော​ကြောင့်၊ သူ​တို့​ကို မှတ်​တော်​မူ​ပါ။

ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး၏။

ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သင်္ချိုင်း​တွင်း၌ ဝှက်​ထား​တော်​မူ​ပါ​စေ။ အ​မျက်​တော် မ​လွန်​မီ​တိုင်​အောင် ကွယ်​ကာ​တော်​မူ​ပါ​စေ။ အ​ကျွန်ုပ်​ကို အောက်​မေ့​စ​ရာ​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​စေ။

အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​အာ​ဗြ​ဟံ၌ ထား​ခဲ့​ဖူး​သော သန့်​ရှင်း​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရွေး​ကောက်​တော်​မူ​သော​သူ​တို့၏​ကောင်း​ကျိုး​ကို မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အောက်​မေ့​တော်​မူ၏။ ကောင်း​ချီး​ပေး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ အာ​ရုန်​အ​မျိုး​အ​နွယ်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​ကို​လည်း​ကောင်း၊ သူ​ခံ​ရ​သ​မျှ​သော ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊

အို​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့၏ နေ့​ရက်​အ​ချိန်​ရောက်​သော​အ​ခါ၊ မြို့​ရိုး​ကို အ​မြစ်​တိုင်​အောင် ရှင်း​လိုက်​ကြ၊ ရှင်း​လိုက်​ကြ​ဟု ဆို​ကြ​သော ဧ​ဒုံ​အ​မျိုး​သား​တို့​ကို အောက်​မေ့​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ပေါ်​မှာ ထိုင်​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ ရှင်​ဘု​ရင်​အ​ရာ​နှင့် ထိုင်​တော်​မူ၏။

ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။

မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။

ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။

သူ​တို့ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​လျှင်၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပြု​ခဲ့​ဖူး​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ၏။

မြောက်​လေ​သည် မိုး​ရေ​ကို​ဆောင်​တတ်​သ​ကဲ့​သို့၊ ကုန်း​တိုက်​သော​လျှာ​သည် ဒေါ​သ​မျက်​နှာ​ကို ဆောင်​တတ်၏။

ပင်​လယ်​ကို​လည်း ရေ​ကုန်​စေ။ သင်၏​မြစ်​အ​ပေါင်း​ကို ငါ​ခန်း​ခြောက်​စေ​မည် ဟူ၍​လည်း​ကောင်း၊

ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။

ငါ​သည် များ​စွာ​သော တိ​ရ​စ္ဆာန်​တို့​ကို မ​ဆို၊ ကိုယ်​လက်​ယာ​လက်​နှင့် လက်​ဝဲ​လက်​ကို​မျှ ပိုင်း​ခြား၍ မ​သိ​သော သူ​တစ်​သိန်း​နှစ်​သောင်း​မ​က၊ လူ​များ​သော နိ​နေ​ဝေ​မြို့​ကြီး​ကို ငါ​နှ​မြော​သင့်​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ယော​န၏​ဝ​တ္ထု​ပြီး၏။

ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။

သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​မြည်း​ကို သုံး​ကြိမ်​တိုင်​အောင် အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော​ကြောင့်၊ သင့်​ကို​ဆီး​တား​ခြင်း​ငှာ ငါ​ထွက်​လာ​ပြီ။

မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-

သူ၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​ဘုံ​တိုင်​အောင် မီ​ကြ​သည်​ဖြစ်၍၊ သူ၏​မ​တ​ရား​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင် သ​တိ​ရ​တော်​မူ​ပြီ။-

ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ