Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 7:4

Judson Bible

အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊

ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။

ခု​နစ်​ရက်​စေ့​သော​အ​ခါ၊ လွှမ်း​မိုး​အပ်​သော​ရေ​သည် မြေ​ပေါ်၌​ပေါ်​လာ၏။

အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။

ရေ​လွှမ်း​မိုး​ခြင်း​သည်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ အ​စဉ်​အ​တိုင်း​တိုး​တက်၍၊ သင်္ဘော​ကို မြေ​မှ​ခွာ​လျက် ဆောင်​ယူ​လေ၏။

မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။

တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို သင်္ဘော​ထဲ​က​လွှတ်​ပြန်၏။

မြေ​ကြီး​ပေါ်​မှာ ရေ​ကုန်​ကြောင်း​ကို နော​ဧ​သိ​လေ၏။ တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို လွှတ်​ပြန်၏။ နောက်​တစ်​ဖန်​ချိုး​သည် မ​ပြန်​မ​လာ​နေ၏။

နက်​နဲ​ရာ​ရေ​ပေါက်​ရေ​တွင်း​များ၊ မိုး​ကောင်း​ကင်​ပြွန်​ဝ​များ​ကို ဆို့​ပိတ်၍၊ မိုး​ကို​စဲ​စေ​တော်​မူ​၏။

အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

လေ​ကို​ချိန်​လျက်၊ ရေ​ကို​လည်း​ခြင်​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ကြည့်​ရှု၍၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

အ​သက်​ရှင်​သော​သူ​တို့​စာ​ရင်း၌ သူ​တို့​နာ​မည်​များ​ကို​ချေ၍၊ ဖြောင့်​မတ်​သော​သူ​တို့​နှင့်​အ​တူ မ​ရေး​မ​မှတ်​ပါ​စေ​နှင့်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ သင့်​ကို မြေ​ပြင်​မှ ငါ​ပယ်​ရှင်း​မည်။ ယ​ခု​နှစ်​တွင် သင်​သည်​သေ​ရ​မည်​ဟု ပ​ရော​ဖက်​ဟာ​န​နိ​အား​ပြော​ဆို၏။

စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ