Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 7:12

Judson Bible

အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရေ​လွှမ်း​မိုး​ခြင်း​သည်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ အ​စဉ်​အ​တိုင်း​တိုး​တက်၍၊ သင်္ဘော​ကို မြေ​မှ​ခွာ​လျက် ဆောင်​ယူ​လေ၏။

အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

နက်​နဲ​ရာ​ရေ​ပေါက်​ရေ​တွင်း​များ၊ မိုး​ကောင်း​ကင်​ပြွန်​ဝ​များ​ကို ဆို့​ပိတ်၍၊ မိုး​ကို​စဲ​စေ​တော်​မူ​၏။

ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊

မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။

ယေ​ရှု​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို မ​သုံး​ဆောင်​ဘဲ​နေ​ပြီး​မှ မွတ်​သိပ်​ခြင်း​သို့ ရောက်​တော်​မူ၏။-

လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို ထမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်၌​ရပ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ခွင့်​တော်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ထို​သူ​တို့​ကို ခွဲ​ခန့်​တော်​မူ၏။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ငါ​သည်​အ​ရင်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ဘု​ရား​ရှေ့​တော်၌​ပျပ်​ဝပ်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ​ရ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​ကို ခံ​ယူ​ခြင်း​ငှာ၊ တောင်​ပေါ်​သို့ ငါ​တက်​သော​အ​ခါ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ တောင်​ပေါ်​မှာ​နေ​လေ၏။

ဖြစ်​ဖူး​သော​လော​က​ဓာတ်​ကို ထို​သို့​အား​ဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်၍ ဖျက်​ဆီး​ကြောင်း​ကို ထို​သူ​တို့​သည် မှတ်​မိ​ချင်​သော​စိတ် မ​ရှိ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ