Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 45:3

Judson Bible

အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။

ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။

ယော​သပ်​သည်​နှုတ်​ဆက်​ပြီး​လျှင်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော သင်​တို့​အ​ရင်​ပြော​သော အ​သက်​ကြီး​သူ​သည် ကျန်း​မာ​ပါ၏​လော။ အ​သက်​ရှင်​သေး၏​လော​ဟု​မေး​လျှင်၊

ထို​ကြောင့်​ရှေ့​တော်၌ ငါ​ထိတ်​လန့်​လျက်​နေ၍ ဆင်​ခြင်​သော​အ​ခါ၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရ၏။

ယ​ခု​မူ​ကား၊ ကိုယ်​တိုင်​အ​မှု​တွေ့၍ စိတ်​ပျက်၏။ အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့် မိန်း​မော​တွေ​ဝေ​လျက် နေ၏။

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-

ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် မိ​မိ​ညီ​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို ဖော်​ပြ၍၊ ဖာ​ရော​ဘု​ရင်​သည် ယော​သပ်၏​အ​မျိုး​ကို သိ​တော်​မူ၏။-

သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။-

ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ