Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 40:5

Judson Bible

ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ည​အ​ချိန်​တွင်​အိပ်​မက်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​ဆီ​သို့​ကြွ​လာ၍၊ သင်​သည် လူ​သေ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​ယူ​သော​မိန်း​မ​သည် သူ့​မ​ယား​ဖြစ်၏​ဟု မိန့်​တော်​မူ​၏။

ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။

ကိုယ်​ရံ​တော်​မှူး​သည် သူ​တို့​ကို​ယော​သပ်၌​အပ်၍၊ ယော​သပ်​သည် ပြု​စု​ရ၏။ သူ​တို့​လည်း အင်​တန်​ကာ​လ အ​ချုပ်​ခံ​လျက်​နေ​ရ​ကြ၏။

နံ​နက်​အ​ချိန်​ရောက်​မှ ယော​သပ်​သည် သူ​တို့​ထံ​သို့​ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​သည်​ကို​မြင်​လျှင်၊

သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။

ကျွန်​တော်​တို့​နှစ်​ယောက်​သည် အ​သီး​အ​သီး မိ​မိ​တို့​ကိုယ်​စီ​ဆိုင်​သော အ​နက်​နှင့်​ပြည့်​စုံ​သော​အိပ်​မက်​ကို တစ်​ည​ချင်း​တွင် မြင်​မက်​ကြ​ပါ​၏။

ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။

ထို​အ​ခါ ဗေ​လ​တ​ရှာ​ဇာ အ​မည်​ရှိ​သော ဒံ​ယေ​လ​သည် တစ်​နာ​ရီ​လောက် မိန်း​မော​တွေ​ဝေ၍ စိတ်​ပူ​ပန်​လျက်​နေ၏။ ရှင်​ဘု​ရင်​က၊ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက် အ​နက်​အ​ဓိ​ပ္ပာယ်​ကြောင့် ပူ​ပန်​သော​စိတ်​မ​ရှိ​ပါ​နှင့်​ဟု မိန့်​တော်​မူ၏။ ဗေ​လ​တ​ရှာ​ဇာ​က​လည်း၊ အ​ရှင်​စော၊ ကိုယ်​တော်​ကို မုန်း​သော ရန်​သူ​တို့​အ​ပေါ်၌ အိပ်​မက်​အ​နက်​ရောက်​ပါ​စေ​သော။

ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။

အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ