Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 4:21

Judson Bible

ယု​ဗ​လ​အ​မည်​ရှိ​သော​ညီ​မူ​ကား၊ စောင်း​မျိုး၊ နှဲ​ခ​ရာ​မျိုး​တို့​ကို တီး​မှုတ်​တတ်​သော​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။

အာ​ဒ​သည် သား​ယာ​ဗ​လ​ကို​ဖွား​မြင်​လေ၏။ ထို​သား​ကား၊ တဲ၌​နေ​သော​သူ၊ သိုး​နွား​စ​သည်​တို့​ကို မွေး​သော​သူ​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။

ဇိ​လ​သည်​လည်း၊ သား​တု​ဗ​လ​ကာ​ဣ​န​ကို ဖွား​မြင်​လေ၏။ သူ​သည် ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ​သ​မား​အ​ပေါင်း​တို့၏​ဆ​ရာ​ဖြစ်​လေ၏။ တု​ဗ​လ​ကာ​ဣ​န၏​နှ​မ​ကား၊ နေ​မ​အ​မည်​ရှိ၏။

သူ​တို့​သည် ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက်၊ သီ​ချင်း​ဆို၍ နှဲ​ခ​ရာ​မှုတ်​သံ​နှင့် ဝမ်း​မြောက်​တတ်​ကြ၏။

ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။

သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။

တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ