Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:4

Judson Bible

မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။

ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်၌ မေး​မြန်း​ခြင်း​ငှာ အ​ဘယ်​ကြောင့် သံ​တ​မန်​တို့​ကို​စေ​လွှတ်​သ​နည်း။ မေး​မြန်း​စ​ရာ​ဖို့ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့် ထို​သို့​ပြု​သ​လော။ သို့​ဖြစ်၍ သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယ​ခု​တက်​သော​သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ၊ စင်​စစ်​သေ​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သွား​လေ၏။

သူ​တို့​က၊ လူ​တစ်​ယောက်​သည် ကျွန်​တော်​တို့​ကို ကြို​ဆို​ခြင်း​ငှာ​လာ၍ သင်​တို့​ကို​စေ​လွှတ်​သော ရှင်​ဘု​ရင်​ထံ​သို့ ပြန်​ကြ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏ ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ ထို​ကြောင့် သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု ပြော​ရ​မည်​အ​ကြောင်း မှာ​ထား​ပါ​သည်​ဟု လျှောက်​ကြ၏။

ဧ​လိ​ရှဲ​က​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ထ​မြောက်​နိုင်​ပါ၏​ဟု ပြန်​လျှောက်​လော့။ သို့​သော်​လည်း ဆက်​ဆက်​သေ​ရ​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊

ထာ​ဝ​ရ​ဘု​ရား​က၊ အ​ဘယ်​သို့ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏ ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ၊ မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော် သင်​သည်​သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-

သို့​မ​ဟုတ်​လျှင်၊ စာ​တန်​သည် ငါ​တို့​ကို​နိုင်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ၏​အ​ကြံ​အ​စည်​များ​ကို ငါ​တို့​သိ​ကြ၏။

ထို​သို့​သော​သူ​သည် ဤ​ကျိန်​ခြင်း​စ​ကား​ကို ကြား​သော​အ​ခါ၊ စိတ်​ခိုင်​မာ​သည်​အ​တိုင်း၊ ငါ​ကျင့်၍ ရေ​ငတ်​ခြင်း​အ​ပေါ်၌ ယစ်​မူး​ခြင်း​ကို ထပ်​ဆင့်​သော်​လည်း၊ ချမ်း​သာ​ရ​မည်​ဟု စိတ်​ထဲ​မှာ ကိုယ်​ကို​ကိုယ် ကောင်း​ချီး​ပေး​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။

ထို​မှ​တစ်​ပါး၊ အာ​ဒံ​သည် လှည့်​ဖြား​ခြင်း​ကို​မ​ခံ၊ မိန်း​မ​သည် လှည့်​ဖြား​ခြင်း​ကို​ခံ၍ လွန်​ကျူး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ