Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:10

Judson Bible

လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​လင်​မ​ယား​နှစ်​ဦး​တို့​သည် အ​ဝတ်​မ​ဝတ်​ဘဲ​နေ၍၊ ရှက်​ကြောက်​ခြင်း​နှင့်​ကင်း​လွတ်​ကြ၏။

ဘု​ရား​သ​ခင်​က​လည်း၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သင်​အား​အ​ဘယ်​သူ​ပြော​သ​နည်း။ မ​စား​ရ​ဟု ငါ​ပ​ညတ်​သော အ​ပင်၏​အ​သီး​ကို​စား​ပြီ​လော​ဟု မေး​တော်​မူ၏။

ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။

ထို​ကြောင့်​ရှေ့​တော်၌ ငါ​ထိတ်​လန့်​လျက်​နေ၍ ဆင်​ခြင်​သော​အ​ခါ၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရ၏။

ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။

ထို​သို့ အာ​ရုန်​သည်​လူ​များ​ကို ရန်​သူ​တို့​ရှေ့​မှောက်၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​စေ​သည်​ဖြစ်၍၊ အ​ဝတ်​တန်​ဆာ​အ​ချည်း​စည်း​ရှိ​ကြ​ကြောင်း​ကို မော​ရှေ​မြင်​သော​အ​ခါ၊

အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။

သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်။ ငါ​သည် အ​ပြစ်​ဒဏ်​ကို ပေး​မည်။ အ​ဘယ်​သူ​နှင့်​မျှ မိတ်​သ​ဟာ​ယ​မ​ဖွဲ့။

သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။-

ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ