တစ်ဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။
အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။
သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။
ထိုအခါအာဗြဟံသည် ငယ်သားတို့ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရရှေဘအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊
ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘဣဇာက်၏ ဘုရားသခင်အားယဇ်ပူဇော်ခြင်းကို ပြုလေ၏။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက် သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။