ကမ္ဘာဦး 24:3Judson Bibleသင်သည်၊ ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးမယူဘဲ၊ အခန်းကိုကြည့်ပါ။ |
အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
ငါ့အဘ၏အိမ်မှလည်းကောင်း၊ ငါ့အမျိုးသားနေရာပြည်မှလည်းကောင်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကိုငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။
ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဗိမာန်တော်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း၊ တည်ဆောက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအားပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
ကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
မြေကြီးပေါ်မှာ မိမိကိုမိမိ ကောင်းချီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။
ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။
သင်ကလည်း၊ ထာဝရဘုရားအသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကိုကောင်းချီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။
ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။