Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:1

Judson Bible

အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။

ထို​အ​ခါ အာ​ဗြ​ဟံ​နှင့်​စာ​ရာ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ စာ​ရာ​သည် မိန်း​မ​တို့၌ ဥ​တု​ရောက်​မြဲ​ရှိ​သည်​အ​တိုင်း မ​ရောက်​ပြီ။

သား​ဣ​ဇာက်​ကို​မြင်​ရ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။

ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။

ထို​ပြည်၌ ဣ​ဇာက်​သည်​မျိုး​စေ့​ကို​ကြဲ၍၊ တစ်​နှစ်​ချင်း​တွင် အ​ဆ​တစ်​ရာ​သော​အ​သီး​အ​နှံ​ကို​ရ​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊

သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​ကြီး​ရင့်၍ အို​သော​အ​ခါ အ​ဝတ်​ခြုံ၍ မ​နွေး​နိုင်။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

ဧ​လိ​ရှ​ဗက်​သည် မြုံ​သော​ကြောင့် သူ​တို့​သည် သား​မ​ရှိ။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သက်​အ​ရွယ် ကြီး​ရင့်​ကြ၏။

သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ