Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 20:3

Judson Bible

ည​အ​ချိန်​တွင်​အိပ်​မက်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​ဆီ​သို့​ကြွ​လာ၍၊ သင်​သည် လူ​သေ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​ယူ​သော​မိန်း​မ​သည် သူ့​မ​ယား​ဖြစ်၏​ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​အ​တွက်​ကြောင့်၊ ဖာ​ရော​ဘု​ရင်​မှ​စ၍ နန်း​တော်​သား​တို့​ကို ကြီး​သော​ဘေး​ဒဏ်​ဖြင့် ဆုံး​မ​တော်​မူ၏။

ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။

ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။

မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။

ဘု​ရား​သ​ခင်​သည် ရှု​ရိ​လူ​လာ​ဗန်​ဆီ​သို့ ည​အ​ချိန်​တွင် အိပ်​မက်၌​ကြွ​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်၊ သ​တိ​ပြု​လော့​ဟု မိန့်​တော်​မူ၏။

ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။

တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။

ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။

သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။

ည​အ​ခါ​ဗျာ​ဒိတ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​က၊ ယာ​ကုပ်၊ ယာ​ကုပ် ဟု​ခေါ်​တော်​မူ​လျှင်၊ ယာ​ကုပ်​က​အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်​လေ​၏။

သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို​ဆုံး​မ​လျက်၊

လူ​သည် အိပ်​ရာ​ပေါ်​မှာ​ငိုက်​လျက် အိပ်​ပျော်​လျက်​နေ​သော​အ​ခါ အိပ်​မက်​မြင်၍၊ ည​ရူ​ပါ​ရုံ​ကို ခံ​ရ​သော​အား​ဖြင့်၊

ထို​သို့ လူ​သည်​မိ​မိ​အ​ကြံ​ကို စွန့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာန်​မာ​န​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။

သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို ဆုံး​မ​လျက်၊

ယော​န​သည် မြို့​ထဲ​သို့​ဝင်၍ တစ်​နေ့​ခ​ရီး​သွား​လျက်၊ အ​ရက်​လေး​ဆယ်​လွန်​သော်၊ နိ​နေ​ဝေ​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ကြွေး​ကြော်​လေ၏။

ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ သင်၌​ရှိ​သော ဤ​လူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ​လျှင်၊

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-

ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ