ပထမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တစ်လျှောက်လုံးကို စီးသွားလေ၏။
ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။
ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။
ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။
သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း၊ ဟဝိလမြို့မှစ၍၊ အဲဂုတ္တုပြည်အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။
ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်ကြသတည်း။
ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
ဧဖရိမ်သည် မုသားစကားနှင့်လည်းကောင်း၊ ဣသရေလသည် လှည့်စားခြင်းနှင့်လည်းကောင်း ငါ့ကိုနှောင့်ယှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့်တော်မူသော ဘုရားသခင့်ထံမှလွှဲ၍ လှည့်လည်တတ်၏။
ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တစ်ဖက်တစ်ချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။