ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊
ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။
ယခုမှစ၍မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရ ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်ဟု၊ ထာဝရဘုရားကို လျှောက်ဆို၏။
ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင်ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထဲမှာ နေရာပေးတော်မူလတ္တံ့။
သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။
ကိုယ်အကျိုးအလိုငှာလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော သားသမီးတို့၏ အကျိုးအလိုငှာလည်းကောင်း၊ ငါ့ကို အစဉ် ကြောက်ရွံ့စေခြင်းငှာ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်။
အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်လည်းကောင်း၊ သင်တို့၏ သားသမီးတို့နှင့်လည်းကောင်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်လည်းကောင်း ဆိုင်သည်ဟု ဟော၏။-