Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 15:3

Judson Bible

တစ်​ဖန်​အာ​ဗြံ​က အ​ကျွန်ုပ်​အား​အ​မျိုး​အ​နွယ်​ကို ပေး​တော်​မ​မူ​ပါ။ အ​ကျွန်ုပ်၏ အိမ်၌​ဖွား​သော​သူ​သည် အ​ကျွန်ုပ်၏​အ​မွေ​ခံ​ဖြစ်​ရ​ပါ​သည်​တ​ကား​ဟု လျှောက်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

သင်၏​အ​မျိုး​အ​နွယ်​ကို မြေ​မှုန့်​ကဲ့​သို့​ငါ​များ​ပြား​စေ​မည်။ သို့​ဖြစ်၍ လူ​သည်​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​လျှင်၊ သင်၏​အ​မျိုး​အ​နွယ်​ကို ရေ​တွက်​နိုင်​ကြ​လိမ့်​မည်။

အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။

အာ​ဗြံ​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် သား​မ​ရှိ​ဘဲ​သွား​ရ​ပါ၏။ ဤ​ဒ​မာ​သက်​မြို့​သား ဧ​လျာ​ဇာ​သည် အ​ကျွန်ုပ်၏ အ​မွေ​ခံ​ဖြစ်​ရ​ပါ၏။ သို့​ဖြစ်၍ အ​ဘယ်​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပါ​မည်​နည်း​ဟု လျှောက်​ဆို​၏။

မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။

ကျွန်​သည်​ငယ်​သော​အ​ရွယ်​မှ​စ၍ ပျော်​ပါး​အောင် ကျွေး​မွေး​ခြင်း​ကို​ခံ​ရ​လျှင်၊ နောက်​ဆုံး၌ သား​အ​ရာ​ကို ရ​လိမ့်​မည်။

လက်​ထပ်​သော မိန်း​မ​ဆိုး​တစ်​ပါး၊ သ​ခင်​မ​ဥ​စ္စာ​ကို အ​မွေ​ခံ​ရ​သော ကျွန်​မ​တစ်​ပါး​တည်း။

ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို သိမ်း​ယူ၍၊ ကျွန်​သား​ပေါက်​များ​လည်း ရှိ​ကြ၏။ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​တို့​နှင့် အ​လွန်​ရ​တတ်၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ