Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:5

Judson Bible

အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။

ညဉ့်​ဦး​နှင့် နံ​နက်​သည် စ​တု​တ္ထ​နေ့​ရက်​ဖြစ်​လေ​၏။

ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။

မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

ကိုယ်​တော်​သည် မှောင်​မိုက်​ကို စီ​ရင်​တော်​မူ၍ ည​ဖြစ်​ပါ၏။ ထို​အ​ချိန်၌ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည်​တွား​လျက် ထွက်​တတ်​ကြ​ပါ၏။

တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။

အ​ဝေး​ဆုံး​သော​အ​ရပ်​တို့၌ နေ​သော​သူ​တို့​သည် ကိုယ်​တော်၏​နိ​မိတ်​များ​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ နေ​ထွက်​ရာ​အ​ရပ်​နှင့် နေ​ဝင်​ရာ​အ​ရပ်​တို့​ကို ရွှင်​လန်း​စေ​တော်​မူ၏။

နေ့​နှင့် ည​ကို ပိုင်​တော်​မူ၏။ နေ​မှ​စ၍ အ​လင်း​အိမ်​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထား​သော​နေ့​ပ​ဋိ​ညာဉ်​နှင့် ည​ပ​ဋိ​ညာဉ်​တ​ရား​ကို သင်​တို့​သည် ဖျက်၍၊ နေ့​ည​အ​ပိုင်း​အ​ခြား မ​ရှိ​စေ​ခြင်း​ငှာ တတ်​နိုင်​လျှင်၊

အာ​ရုန်​သည် အ​နိ​စ္စ​ရောက်​ကြောင်း​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​မြင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည်၊ အာ​ရုန်​အ​တွက် အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။-

အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။-

သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ