Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:3

Judson Bible

ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။

တဲ​တော်​အ​ပေါ်​မှာ အ​လင်း​တော်​ကို ဖြန့်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ၌ အ​နက်​ဆုံး​သော​အ​ရပ်​ကို​လည်း ဖုံး​လွှမ်း​တော်​မူ၏။

အ​လင်း​နေ​ရာ​သို့ အ​ဘယ်​မည်​သော​လမ်း​ဖြင့် ရောက်​ရ​သ​နည်း။ မှောင်​မိုက်​နေ​ရာ​လည်း အ​ဘယ်​မှာ​ရှိ​သ​နည်း။

အ​ဝတ်​နှင့်​ခြုံ​သ​ကဲ့​သို့၊ အ​လင်း​နှင့် ကိုယ်​တော်​ကို​ခြုံ​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်​တော်​မူ​ထ​သော၊

ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်၍၊ ငါ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၏။ ယဇ်​တင်​ရန် အ​ကောင်​ကို ယဇ်​ပ​လ္လင်​ဦး​ချို၌ ကြိုး​နှင့် ချည်​ကြ​လော့။

ထို​အ​ရာ​တို့​ကို အ​မိန့်​တော်​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို၍၊ မြွက်​ဆို​တော်​မူ​သည်​အ​တိုင်း​ဖြစ်၏။ အ​မိန့်​တော်​ရှိ၍၊ မိန့်​တော်​မူ​သည်​အ​တိုင်း တည်​လျက်​နေ၏။

အ​လင်း​သည် တ​ရား​သော​သူ​အ​ဖို့၊ ဝမ်း​မြောက်​ခြင်း​သည် သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့ ပျိုး​ကြဲ​လျက်​ရှိ၏။

ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။

နောက်​တစ်​ဖန် နေ့​အ​ချိန်၌ သင်၏​အ​လင်း​သည် နေ​ပေး​သော​အ​လင်း မ​ဟုတ်၊ ည​အ​ချိန်၌​လည်း၊ လ​အ​ရောင်​သည် သင့်​ကို မ​လင်း​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၏​ဘုန်း​အ​သ​ရေ ဖြစ်​တော်​မူ​လိမ့်​မည်။

ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-

ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။

ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။

လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။-

အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။

အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-

ထို​နှုတ်​က​ပတ်​တော်​ထံ၌ ငါ​တို့​သည်​ကြား​ရ၍၊ သင်​တို့​အား ပြ​သ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၌ မှောင်​မိုက်​အ​လျှင်း​မ​ရှိ။-

တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ