ညဉ့်ဦးနှင့် နံနက်သည် စတုတ္ထနေ့ရက်ဖြစ်လေ၏။
ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊
တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
အလင်းကို နေ့ဟူသောအမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဉ့်ဦးနှင့် နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။
မိုးမျက်နှာကြက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊-