ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။-
သင်သည်ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြသည်ဖြစ်၍ သင်၏ အိမ်ထောင်စုသည်နေဗက်၏သားယေရောဗောင် မင်း၏အိမ်ထောင်စုကဲ့သို့လည်းကောင်း၊ အဟိယ ၏သားဗာရှာမင်း၏အိမ်ထောင်စုကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။'-
ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။