Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 9:24

Common Language Bible

ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။-

``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။

တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။-

ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-

နံ​နက်​ရောက်​သော​အ​ခါ​ယေ​ဟု​သည် မြို့ တံ​ခါး​သို့​သွား​၍​ရောက်​ရှိ​နေ​သည့်​လူ​တို့ အား``ယော​ရံ​မင်း​ကို​လုပ်​ကြံ​ခဲ့​သူ​မှာ​ငါ ပင်​ဖြစ်​၏။ ထို​အ​မှု​အ​တွက်​သင်​တို့​တွင် တာ​ဝန်​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဤ​သူ​တို့​ကို သတ်​သော​သူ​ကား​အ​ဘယ်​သူ​ဖြစ်​ပါ သ​နည်း။-

``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။

``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ