၄ ရာ 9:22Common Language Bibleယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီး၏စေတမန်သည်ယေဟုထံရောက် ၍``အရှင်သည်မိတ်ဆွေအနေဖြင့်လာပါ သလောဟုမင်းကြီးကစုံစမ်းခိုင်းပါ သည်'' ဟုမေး၏။ ယေဟုက``ဤကိစ္စသည်သင်နှင့်မသက်ဆိုင်။ ငါ့ နောက်မှလိုက်လော့'' ဟုဆို၏။ ထိုစေတမန်သည်ယေဟုထံသို့ရောက်ရှိသွား သော်လည်း ပြန်မလာဘဲနေသည်ကိုမျှော်စင် ပေါ်ရှိကင်းစောင့်ကအစီရင်ခံသောအခါ၊-
အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။-
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။