၄ ရာ 9:2Common Language Bibleနိမ်ရှိ၏မြေး၊ ယေဟောရှဖတ်၏သားယေဟု ကိုရှာလော့။ သူ့ကိုအဖော်များရှိရာမှဝေး ရာဆိတ်ကွယ်သည့်အခန်းသို့ခေါ်ပြီးလျှင်၊- အခန်းကိုကြည့်ပါ။ |
ထိုနောက်ယေဟုသည်ယောရံမင်းအားလုပ် ကြံရန် လျှို့ဝှက်ကြံစည်လေသည်။ ထိုအခါ မင်းကြီးသည် ရှုရိဘုရင်ဟာဇေလနှင့်ရာ မုတ်မြို့တွင်တိုက်ပွဲဖြစ်ရာမှ ရရှိခဲ့သည့် ဒဏ်ရာများကိုကုသရန်ယေဇရေလမြို့ သို့သွားနှင့်ပြီ။ သို့ဖြစ်၍ယေဟုကမိမိ ၏အဖော်တပ်မှူးတို့အား``သင်တို့သည်ငါ ၏ဘက်တော်သားများဖြစ်ပါလျှင် ယေဇ ရေလမြို့သားတို့အားကြိုတင်သတိပေး ရန်မည်သူတစ်စုံတစ်ယောက်မျှရာမုတ်မြို့ မှမထွက်ပါစေနှင့်'' ဟုဆို၏။-
ထိုစေတမန်သည်ယေဟုတို့လူစုထံသို့ ရောက်ရှိသွားသော်လည်း ပြန်မလာဘဲနေ သည်ကိုကင်းစောင့်သည်နောက်တစ်ကြိမ်အစီ ရင်ခံပြန်၏။ ထိုနောက်သူသည်ဆက်လက်၍``ထို လူစု၏ခေါင်းဆောင်သည် မိမိစစ်ရထားကို ယေဟုမောင်းနှင်သကဲ့သို့ပင် သူရူးသဖွယ် အပြင်းမောင်းနှင်လာပါသည်'' ဟုလျှောက် ထား၏။