Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 9:17

Common Language Bible

ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။-

ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-

အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။-

ထို့​နောက်​သူ​တို့​သည်​လူ​အ​ချို့​ကို​ရွေး​ချယ် ကြ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​ရှု​ရိ​တပ် မ​တော်​၏​ဖြစ်​ရပ်​ကို စုံ​စမ်း​ရန်​စစ်​ရ​ထား​နှစ် စီး​နှင့်​စေ​လွှတ်​တော်​မူ​၏။-

ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။

ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။

မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-

မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။

ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။

ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။

ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ