Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 8:6

Common Language Bible

မင်း​ကြီး​က​ဂေ​ဟာ​ဇိ​၏​စ​ကား​မှန်​မ​မှန် ကို​မေး​မြန်း​တော်​မူ​သော​အ​ခါ အ​မျိုး​သ​မီး က``မှန်​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​အ​မတ်​တစ်​ယောက်​ကို​ခေါ်​၍``ဤ အ​မျိုး​သ​မီး​အ​ဝေး​သို့​ရောက်​ရှိ​နေ​ခဲ့​သည့် ခု​နစ်​နှစ်​အ​တွင်း သူ​၏​လယ်​များ​မှ​ထွက်​သည့် အ​သီး​အ​နှံ​တန်​ဖိုး​အ​ပါ​အ​ဝင်​သူ​ပိုင် ဆိုင်​ခဲ့​သ​မျှ​ကို​သူ့​အား​ပြန်​၍​ပေး​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ချိန်​အ​တော​အ​တွင်း​အီ​ဂျစ်​၌​မိ​ဒျန် အ​မျိုး​သား​တို့​သည် ဖာ​ရော​ဘု​ရင်​၏​အ​ရာ​ရှိ တစ်​ဦး​ဖြစ်​သူ​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ ထံ​၌​ယော​သပ်​အား​ရောင်း​ကြ​လေ​သည်။

ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-

ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​နာ​မ​ကျန်း​ရှိ​တော်​မူ ချိန်​၌ ဧ​လိ​ရှဲ​သည်​ဒ​မာ​သက်​မြို့​သို့​ရောက် ရှိ​လာ​၏။ ဧ​လိ​ရှဲ​ရောက်​ရှိ​နေ​ကြောင်း​မင်း ကြီး​ကြား​သိ​တော်​မူ​သော​အ​ခါ၊-

ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။

ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။

ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-

အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ