Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 8:4

Common Language Bible

ထို​အ​ချိန်​၌​မင်း​ကြီး​သည်​ဧ​လိ​ရှဲ​၏​အ​စေ​ခံ ဂေ​ဟာ​ဇိ​နှင့်​ဆွေး​နွေး​ဆဲ​ဖြစ်​၏။ မင်း​ကြီး​သည် ဧ​လိ​ရှဲ​ပြ​ခဲ့​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​အ ကြောင်း​ကို​ကြား​သိ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-

ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။

သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-

သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-

သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-

ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​တော​အ​တွင်း​၌​ဧ​လိ​ရှဲ​သည်​မိ​မိ​ထံ​သို့ အ​လည်​အ​ပတ်​လာ​သော​အ​မျိုး​သား​အ​ကြီး အ​ကဲ​များ​နှင့်​အ​တူ မိ​မိ​၏​အိမ်​တွင်​ရှိ​လေ သည်။ မင်း​ကြီး​၏​စေ​တ​မန်​မ​ရောက်​လာ​မီ ဧ​လိ​ရှဲ​က ထို​အ​ကြီး​အကဲ​တို့​အား``လူ​သတ် သ​မား​သည် ငါ့​အား​သတ်​ရန်​လူ​တစ်​ယောက် ကို​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​ရောက်​လာ သော​အ​ခါ​တံ​ခါး​ကို​ပိတ်​ထား​ကြ​လော့။ သူ့ အား​အ​ထဲ​သို့​ဝင်​ခွင့်​မ​ပြု​ကြ​နှင့်။ မင်း​ကြီး ကိုယ်​တိုင်​ပင်​လျှင်​သူ​၏​နောက်​မှ​လိုက်​လာ လိမ့်​မည်'' ဟု​ပြော​၏။-

ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင် ထို​သူ​သည်​ကျ​သည့်​နေ​ရာ​ကို​ပြ​၏။ ဧ​လိ​ရှဲ သည်​တုတ်​တစ်​ချောင်း​ကို​ခုတ်​၍​ရေ​ထဲ​သို့​ပစ် ချ​ကာ ပု​ဆိန်​ကို​ပေါ​လော​ပေါ်​စေ​ပြီး​နောက်၊-

ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။

ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။

အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-

ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။-

ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။

ဟေ​ရုဒ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​သော အ​ခါ​လွန်​စွာ​ဝမ်း​မြောက်​၏။ ကိုယ်​တော်​၏​သ​တင်း ကို​များ​စွာ​ကြား​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​အား တွေ့​မြင်​လို​သည်​မှာ​ကြာ​ပေ​ပြီ။ ကိုယ်​တော်​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ရာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​နေ​၏။-

``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။

ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ