Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 8:19

Common Language Bible

သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။-

သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-

အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-

ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​ဘု​ရင်​ကို ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။

ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။

ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။

ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊ အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ