Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 8:16

Common Language Bible

ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။-

ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။

ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-

ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။

အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-

ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​ဖတ်​၏​နန်း​စံ​တစ်​ဆယ့် ရှစ်​နှစ်​မြောက်​၌ အာ​ဟပ်​၏​သား​တော်​ယော​ရံ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​နှစ်​နှစ်​စိုး​စံ​ရ​၏။-

အာ​ဟပ်​၏​သား​တော်၊ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ ၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ်​မြောက်​၌ ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​ယ​ဟော​ရံ​၏​သား​အ​သက်​နှစ် ဆယ့်​နှစ်​နှစ်​ရှိ​အာ​ခ​ဇိ​နန်း​တက်​၏။-

အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ